တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးနှိုးဆော်

တောင်သာ နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊တောင်သာမြို့နယ်အတွင်းရှိ  ရပ်ကွက်များသို့  ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံရေးနှိုးဆော်ခြင်းကို   ယနေ့ နံနက်(၉)နာရီအချိန်က လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

အဆိုပါနှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါလျော့ပါးသက်သာစေရန်အတွက် ကျန်မာရေးဦးစီးဌာနသို့သွားရောက်ပြသရန်၊  အသက်ကြီးတဲ့သူတွေ၊  နှလုံးရောဂါ၊ ဆီးချိုရောဂါ၊အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့သူတွေ ကိုယ်ခံအား နည်းတဲ့သူတွေအတွက် ပိုပြီးအန္တရာယ်များကြောင်းနှင့် ရောဂါအကောင်းဆုံး ကာကွယ်ဖို့နည်းလမ်းတွေကတော   စနစ်တကျလက်မဆေးပဲ   မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကိုလက်ဖြင့် ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ၊  တက်နိုင်သလောက် မိမိလက်နဲ့ မျက်နှာကိုမထိတွေ့စေဖို့သတိပြုပါ၊ သန့်ရှင်းလက်ဆက်တဲ့ အစားအစာကိုရွေးချယ် စားသုံးပါ၊အစားအသောက်များကို ကျက်အောင်ချက်ပြုတ်စားသုံးပါ ကျန်းမာရေး ဝန်ကြီးဌာနက အချိန်နဲ့တပြေးညီထုတ်ပြန်တဲ့ ညွှန်ကြားချက်များအတိုင်း   လိုက်နာဆောင်ရွက်ပေးကြဖို့နဲ့    ပြည်သူအားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းနှိုဆော်ခဲ့ကြောင်းသိရသည်။

တောင်သာမြို့နယ်  ရပ်ကွက်များသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်၍ လိုက်လံအသိပေးနှိုးဆော် ခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)