ဟိုပုံး နိုဝင်ဘာ ၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေး က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအား စနစ်တကျရှာဖွေ၍ ရရှိထားပြီး ဖြစ်သည့် RDT Test-Kit များဖြင့် စစ်ဆေးနိုင်ရန်၊ ကာကွယ်ဆေးထိုးအစီအစဉ်များတွင် ပူးပေါင်းပါဝင် လာရေးဆောင်ရွက်ရန်၊ လူစုလူဝေး ဖြစ်နိုင်သည့်နေရာများမှ ရောဂါပိုးရှိသူများ ရှာဖွေဖော်ထုတ်သွားရန်၊ ဟိုပုံးမြို့နယ်တွင် တစ်ရက်လျှင် လူဦးရေ (၃၀၀) အထိ စစ်ဆေးနိုင်ရေး အလေးထား ဆောင်ရွက်ရန်နှင့် ရောဂါကွင်းဆက် ပြတ်တောက်နိုင်ရေး စနစ်တကျ ဆောင်ရွက် သွားရန် ပြောကြားပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်ကဆွေးနွေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/ မရှိစစ်ဆေးခြင်းအား ကျေးရွာအုပ်စုများသို့ ကွင်းဆင်းစစ်ဆေးနိုင်ရေး စီမံချက် ရေးဆွဲ၍ နိုဝင်ဘာ(၁၀) ရက်နေ့မှ နိုဝင်ဘာ(၂၄)ရက်နေ့အထိဆောင် ရွက်သွားရန်နှင့် ဌာနဆိုင်များပူပေါင်း ဆောင်ရွက် သွာကြရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လိုအပ်သည်များတင်ပြ ဆွေးနွေးရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်က လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)