မိုးမိတ် နိုဝင်ဘာ ၉ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအားအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ဆုံး ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာဦးစီးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီအချိန်တွင် မန်ကျည်ပင်ဈေးနှင့် ဘော်ဒေဈေးတို့တွင် ရောင်းချလျှက်ရှိသော ဈေးသူ၊ဈေးသား (၁၀၅)ဦး တို့အား RDT ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုးတွေ့သူ မရှိကြောင်း သိရသည်။
ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့နယ်စည်ပင် ဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ရှိန်နှင့် ဝန်ထမ်းများက မြို့မဈေး နှင့်ကုန်စိမ်းနှင့်သားငါး ယာယီဈေး များရှိ ဈေးသူ၊ဈေးသားကိုလည် နိုဝင်ဘာ ပထမပတ်က စစ်ဆေးခဲ့ရာ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိသူ တစ်ဦးမှ မရှိကြောင်းသိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)