ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိ

ပုဏ္ဏားကျွန်း  နိုဝင်ဘာ  

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊   ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များများ လာရောက်ဖတ်ရှု၊ ငှားရမ်းခြင်း မပြုနိုင်သည့်  စာဖတ်ပရိသတ်များနှင့် ကလေးသူငယ်များအတွက် အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းများ စဉ်ဆက်မပြတ်တင်ဆက် ပေးလျက်ရှိရာ ယနေ့နေ့လည် ()နာရီတွင် ၂၀၁၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု (စာပေပဒေသာ)ဆုရ တင့်ဆွေ(ဖျာပုံ)ကျော့ပိုးအိတ်လေးကို ချီကာလွယ်စာအုပ်အား မိတ်ဆက်ပေးခဲသည်။

ရှေးဦးစွာ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးသိန်းတန်အောင်က  စာပေချစ်သူမြတ်နိုးသူများနှင့် လူငယ်၊ လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက်စာပေထဲက ဘဝ၏အောင်မြင်မှုပန်းတိုင်အကြောင်းအရာနှင့် ပတ်သက်၍ Online မှတစ်ဆင့် ဆွေးနွေးပြောကြားသည်။    ဆက်လက်၍ စာကြည့်တိုက်မှူး  ဒေါ်ဦးညွန်ရီ က တင့်ဆွေ(ဖျာပုံ)ကျော့ပိုးအိတ်လေးချီကာလွယ်စာအုပ်အားမိတ်ဆက် ပေးခဲ့သည်။

ထိုသို့တက်ဆက်ပေးရာတွင် စာဖတ်ပရိသတ်များအကြိုက် စာအုပ်စာစောင်များကို  ရွေးချယ်၍ စာပေချစ်မြတ်နိုးသူများကို ငှားရမ်းဖတ်ရှုခြင်းမပြုမီ စာရေးသူမှ စာဖတ်သူများထံသို့အသိပေးချင် စာပေအနှစ်အရသာတို့ကို ပေါ်လွင်စေအောင်နှင့် ကလေးသူငယ်များ အသိပညာဗဟုသုများ  တိုးပွား လာစေရန်အတွက်  ပုဏ္ဏားကျွန်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်  Facebook Page မှတစ်ဆင့်  စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွက်ဆိုခြင်းတို့ကို   စဉ်ဆက်မပြတ်  တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။

နီထွန်းအောင်