ပင်းတယ နိုဝင်ဘာ ၉
ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်မှုများ လျော့ကျလာစေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီများ ဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ပြည်နယ်နှင့်မြို့နယ်များ၊ ကျေးလက်ဒေသများပါမကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမ၌ ယနေ့နံနက် (၉)နာရီမှစတင်၍ ရဟန်း သံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်၊ ဒုတိယအသုတ်ထိုးနှံဆောင်ရွက်ခြင်းတွင် ဆေးထိုးနှံရန် ကျန်နေသူများအား ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုထိုးနှံပေးသည့် ကာကွယ်ဆေးမှာ Sinopharm အမျိုးအစားဖြစ်ပြီး၊ ယနေ့တွင်လူဦးရေ (၂၁၇၆) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ကာကွယ်ဆေးထိုးနှံပေးမှုအား ပင်းတယမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပင်းတယ (ဒေသ ပြန်/ ဆက်)