တာလေ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေး

တာလေ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍရေးနှစ် တာလေ မြို့စည်ပင်သာယာ​ရေးဌာန၏ မီနီ(၆)လ ငွေလုံး ငွေရင်း ရန်ပုံငွေ ကျပ် ၉၄ သိန်းဖြင့် ဆောင်ရွက်သည့် အမှတ်(၃) ရပ်ကွက်ရှိ (၃/၁)လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

တာလေမြို့တွင် မြို့တွင်းလမ်းများ စနစ်တကျဖြစ်စေရေး၊ ရပ်ကွက်များရှိ လမ်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် လမ်းများကို ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုသွားလာနိုင်ရေးတို့အတွက် စည်ပင်သာယာရေးဌာနမှ နှစ်စဉ်လုပ်ငန်းများ လျာထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တာလေမြို့စည်ပင်သာယာရေးဌာန၏ မီနီ (၆) လအတွင်း ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၉၄ သိန်းဖြင့် အမှတ်-၃ ရပ်ကွက်ရှိ (၃/၁)လမ်းအား လမ်းအရှည်၂၆၅ ပေ ၊အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ရှိသည့်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းကို ​အောက်တိုဘာ ၂၈ ရက်က လုပ်ငန်းစတင်ခဲ့ပြီး ယခုတွင် လမ်း၏ အတိုင်းအတာများ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီ ကောင်းမွန်စွာ ဆောင်ရွက်ပြီးစီး‌ပြီဖြစ်၍ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တာလေမြို့စည်ပင်သာယာရေးဌာနမှ တာဝန်ခံနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်း​စစ်​ဆေးခဲ့ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)