မိုင်းရယ်မြို့ အ.လ.က ကျောင်း၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်တွေ့သရုပ်ပြ

မိုင်းရယ် နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မိုင်းရယ်မြို့၊ အ.လ.က ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသီဟစိုးက ကျောင်းသူ/သားများအား မီးဘေး အန္တရာယ်ဆိုင်ရာ သိကောင်းစရာများအဖြစ် မီးသွေး၊ မီးဖို၊ လျှပ်စစ်နှင့် ဂက်စ်အိုးများ အသုံးပြု၍ မီးဘေးအန္တရာယ် ကျရောက်နိုင်သည့်အခြေအနေများနှင့် မီးဘေးအန္တရာယ် ကျရောက်ပါက မီးငြိှမ်းသတ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးဆိုင်ရာများကို အသိပညာပေးပြောကြားသည်။

ထို့နောက် မီးဘေးအန္တရာယ်ကျရောက်လာပါက မီးငြိမ်းသတ်ခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများက လက်တွေ့မီးငြိမ်းသတ်ခြင်းများ ဆောင်ရွက် ခဲ့သည်။

ကျော်ဇင်ထိုက်(ပြန်/ဆက်)