ဝါးခယ်မမြို့နယ်၌ အသက် (၄၀) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဝါးခယ်မ နိုဝင်ဘာ၁၂

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ကာကွယ်‌ဆေးမထိုးနှံရသေးသောအသက် (၄၀)နှစ်နှင့်အထက် ပြည်သူများအား ယနေ့နံနက် (၈)နာရီကစတင်၍ ဝါးခယ်မမြို့၊ ရွှေခယ်သီရိအားကစားခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်စည်းကမ်းချက် များနှင့် အညီ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရာသို့ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့် အကူအညီ များပေး၍ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းကို နေ့စဉ်လူဦးရေ(၆၀)နှုန်း သတ်မှတ်၍ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိနေသော ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

စောသန္တာဦး