သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယူရီးယားမြေဩဇာ စနစ်တကျ ဝယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 29,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တောင်သူများအား ယူရီးယားမြေဩဇာများ ဈေးနှုန်းသက်သာစွာ အချိန်မီဝယ်ယူဖြန့်ဖြူး ရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းမှ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များအား PPE ဝတ်စုံထောက်ပံ့ခြင်း အခမ်းအနား ကျင်းပ
Jul 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းမှ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များအား PPE ဝတ်စုံ ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂:၃၀) အချိန်က တောင်ဥက္ကလာပမြို့နယ်ရှိ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပိုဆောင်းထိုးနှံပေး
Jul 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုလျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်းများကို မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ စုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Gender, CEDAWနှင့် NSPAW  အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက် ၁၀နာရီ က Gender, CEDAW, နှင့်NSPAW အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုရေးမှူးနှင့် စာရေးများလုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Jul 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုရေးမှူးနှင့် စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ(အခမဲ့)ကွန်ပျူတာ သင်တန်းဖွင့်လှစ်
Jul 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ(အခမဲ့) ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က သဖန်းကိုင်းပရဟိတကျောင်း ကွန်ပျူတာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာစာရေးများ လစဉ်ပုံမှန်တွေ့ဆုံပွဲပြုလုပ်
Jul 29,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာစာရေးများ လစဉ်ပုံမှန်တွေ့ဆုံပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လွယ်ဆိုင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားထုတ်ပေးခြင်း အခမ်းအနားကျင်းပ
Jul 29,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်မှုအတွက် အကျိုးခံစားခွင့်နှင့် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။