နမ့်ဆန် ဇူလိုင် ၂၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာစာရေးများ လစဉ်ပုံမှန်တွေ့ဆုံပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လွယ်ဆိုင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်ရပ်မိ/ ရပ်ဖ ဦးစောလွင်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဌာနဆိုင်ရာများမှ ဆွေးနွေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းစိုးဟိန်းက မြို့နယ်အတွင်း အသက်(၁၈)နှစ်အောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေနှင့် မြို့နယ်ကျန်းမာရေးလွမ်းခြုံထားမှုအခြေအနေများကိုတင်ပြခြင်း၊ စည်ပင်အမှုဆောင်အရာရှိ ဦးကျော်နိုင်က မိုးဂဲလ်ရပ်ကွက်တွင် ထားရှိမည့် ပြည်သူ့အားကစားဆိုင်ရာ ပစ္စည်းများထားရှိမည့်နေရာအား သတ်မှတ်ထားရှိမှုအခြေအနေများ ရှင်းလင်းခြင်း၊ မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဦးစိုင်းဝင်းထွန်းအောင်က ရွေးကောက်ပွဲဆိုင်ရာကိစ္စများ၊ မဲစာရင်းဆိုင်ရာပြုလုပ်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးတင်ထွန်းလင်တို့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနဝန်ထမ်းအကြီးအကဲများ ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန်နှင့် အခက်အခဲများလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွကပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးကျော်ညီညီသိန်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)