နောင်ချို ဇူလိုင် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ(အခမဲ့) ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က သဖန်းကိုင်းပရဟိတကျောင်း ကွန်ပျူတာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြ ၈ ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁)လတာကြာမြင့်မည်ဖြစ်ကြောင်း၊ ရပ်ဝေးမှလာရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား နေရေးထိုင်ရေး၊ စားသောက်ရေးကိစ္စများကိုပါ စီစဉ်ဆောင်ရွက်ထားရှိပေးထားကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)