နောင်ချို ဇူလိုင် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုရေးမှူးနှင့် စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစည်သူလင်းက ဌာနဆိုင်ရာများနှင့် မိသားစုဝင်များအနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ကြစေရေးတို့ကိုမှာကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးစိုင်းအောင်ဇော်ထွန်းက လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်စေလိုကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က တည်ဆောက်ရေးလုပ်ငန်းများအား တင်ပြဆောင်ရွက်ကြရန်နှင့် ရုံးတွင်း၊ ရုံးပြင်သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ကာ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့ဌာန ကျေးရွာအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် ဌာနဆိုင်ရာများ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)