အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ သံဃာတော်များနှင့်သီလရှင်များ စုစုပေါင်း(၂၀၄)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ဒုတိယအကြိမ်ထိုးနှံ
Jul 29,2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ဘုန်တော်ကြီးသင်ပညာရေးကျောင်းများ ဖြစ်သည့် ကလေးဝ တောရကျောင်း၊ နန်းဦးကျောင်း၊ စိတ္တသုခကျောင်းနှင့် ရတနာ့ဗိမာန်ကျောင်းများရှိ အသက် (၅) နှစ်မှ (၁၂) နှစ်ထိ သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း(၂၀၄)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram)ကို ယမန်နေ့နံနက် ၁၀:၀၀နာရီက သတ်မှတ်စုရပ် များတွင် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။