ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပိုဆောင်းထိုးနှံပေး

ဒေးဒရဲ ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုလျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်းများကို မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ စုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ထိုးနှံပေးလျက်ရှိရာ ဌာနဆိုင်များနှင့် အသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန်  (၁၈)နှစ်အထက် လျာထားဦးရေ (၁၇၈၆၆၅)ဦး၊ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁၃၀၄၄၂)ဦးရှိပြီး အပိုဆောင်းထိုးနှံပေးမှုအဖြစ် ပြည်သူ (၁၃၅၃၁)ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပြီးစီးကြောင်း သိရပြီး ကျန်ရှိသူများကို ဆက်လက်ထိုးနှံပြီးစီးရေး ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း