ငပု​တောမြို့နယ်၊ ဇီးဖြူဆိပ်​ကျေးရွာအုပ်စု၊ ​ဇီးဖြူဆိပ်​ကျေးရွာတွင် မိုးစပါးစိုက်ဧကများ ​ရေကြီးနစ်မြုပ်မှု မဖြစ်​ပေါ်​စေ​ရေး ကွင်းဆင်း​ဆောင်ရွက်

ငပု​တော သြဂုတ် ၁၀

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဇီးဖြူဆိပ်​ကျေးရွာအုပ်စု၊ ဇီးဖြူဆိပ်​ကျေးရွာတွင် သြဂုတ်လ (၄)ရက်​နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှု​ကြောင့် ဇီးဖြူဆိပ်ကျေးရွာအတွင်းရှိ ​တောင်သူများ၏ မိုးစပါးစိုက်ဧက (၃၇၈၅) ဧကမှာ စိုက်ပျိုးပြီးစီးလျက်ရှိသည့် အနက် ဧက(၂၅၀၀)ခန့်မှာ ​ရေကြီးနစ်မြုပ်လျက်ရှိ​ကြောင်း သိရသည်။

အဆိုပါနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်တို့သည်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ရေကြီးနစ်မြုပ်သည့်​ နေရာသို့သွား​ရောက်ပြီး ကျေးရွာအုပ်စု၊ ​အုပ်ချုပ်​ရေးအဖွဲ့များနှင့် ပူး​ပေါင်း၍ မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့် တာအတွင်းရှိလယ်များ ​ရေလွမ်းမိုး​နေကို ကွင်းဆင်းကြည်ရှုကာ ​ရေတံကားများမှ ​ရေအမြန်ဆုံးထုတ်နိုင်​ရေး၊ ရေထွက်ပေါက်များ​ ရေစီး​ရေလာ​ကောင်း​မွန်ရေး၊ ​ရေနစ်မြုပ်လယ်​မြေများ အမြန်ပြန်​ပေါ်​​၍ ပျက်စီးမှုမရှိ​စေ​ရေး ​ဒေသရှိအုပ်ချုပ်​ရေးအဖွဲ့များနှင့် ​တောင်သူများနှင့်​ တွေ့ဆုံပြီး ရေအမြန်ကျစေ​ရေးအတွက် အဆိုပါ​ကျေးရွာရှိ ရေငံတားတာ ​ရေထိန်းတံခါးများအားဖွင့်၍ ​ရေလျော့​ချခြင်းလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိရာ ​ရေကျသွားပါက စိုက်ပျိုးပြီး မိုးစပါး စိုက်ဧကများ ထိခိုက်ပျက်စီးမှုရှိ၊မရှိ​စေ​ရေး  ထပ်မံကွင်းဆင်းစိစစ် ​ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ(ငပုတော)