ရေတာရှည်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ဆွမ်းဆန်​တော်လှူဒါန်း

ရေတာရှည် သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ယနေ့ နံနက်ပိုင်းတွင် ကွင်းကြီးကျေးရွာအုပ်စု မတ်ကြီးခုံကျေးရွာရှိ ရှမ်းကျောင်းစာသင်တိုက်၌ ဆွမ်းဆန်​​တော်များ  ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင်  မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်းနှင့် ဝန်ထမ်းများက ရှမ်းကျောင်းစာသင်တိုက်ရှိ သံဃာတော် (၂၅) ပါးအတွက် ဆွမ်းဆန်တော် ဆန်အိတ် () အိတ် ဆက်ကပ်လှူဒါန်းခဲ့ပြီး စာသင်တိုက် အတွင်း/အပြင် သန့်ရှင်းရေး​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ရေတာရှည် (ပြန်/ဆက်)