သတင်းများ

ကျောက်တော်မြို့၌ အထူးဈေးရောင်းပွဲတော် စည်းကားသိုက်မြိုက်စွာ ဖွင့်လှစ် ရောင်းချလျက်ရှိ
Jan 18,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ပေါ်၌ နယ်မြေဒေသ တည်ငြိမ် အေးချမ်းလာပြီဖြစ်၍ အထူးဈေးရောင်းပွဲတော်ကို ရွာမအလယ်စုရပ်ကွက်၌ (၁၆.၁.၂၀၂၂)ရက်နေ့ ညနေ (၆)နာရီ မှ စတင်ကာ ရောင်ချနေပြီး (၂၁.၁.၂၀၂၂) ရက်နေ့အထိ (၅) ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် အသက်၁၈နှစ်အထက်ပြည်သူများအား ပထမအကြိမ်နှင့်ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှုန်းလျှော့ချနိုင်ရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေးအတွက် အသက်၁၈ နှစ်အထက် ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို  သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရေဦးမြို့နယ်တွင် VDP စီမံကိန်းလုပ်ငန်းဖြစ်သော ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်
Jan 18,2022
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေး ၀န်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) လုပ်ငန်းဖြစ်သည့် ကျေးလက်လမ်းခင်းခြင်း လုပ်ငန်းကို ဇန်နဝါရီ ဒုတိယပတ်က ပြန်လည်စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်သည်။
ရေဖြူမြို့နယ်တွင် ရော်ဘာဈေးမြင့်တက်လာမှုကြောင့် ရော်ဘာလုပ်ငန်းဖြင့် အသက်မွေးသူ များ စီးပွားရေးအဆင်ပြေ
Jan 18,2022
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ပထမရာသီကုန်ချိန် ရော်ဘာဈေးမြင့်တက်လာမှုကြောင့် ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် ကုန်ခါနီးတွင် ရော်ဘာအလွတ်ပြားဈေးနှုန်း တစ်ပေါင်လျှင် ၉၀၀ ကျပ် အထိသာ ဈေးပေါက်ခဲ့သော် လည်း ယခုဇန်နဝါရီလလယ်တွင် ၁၀၇၀ ကျပ်အထိ ဈေးရနေ ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာနန္ဒာမိုးကြယ်၏ *ကြွက်မလေးရဲ့ ဖြတ်ထိုးဉာဏ် ခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်
Jan 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးအသိ ပညာပေး ဟောပြောပွဲအား ယနေ့နံနက်(၉:၃၀)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ညောင်လေးပင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား/ကျောင်းသူ (၁၄၁၂)ဦး ဝင်ရောက်ဖြေဆိုမည်
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင်၂၀၂၂ ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာစစ်ဌာနလေးခုမှ အတွင်းဖြေဆိုသူ (၁၀၄၅ )ဦးနှင့် ပြင်ပဖြေဆိုသူ (၃၆၇ )ဦး စုစုပေါင်း (၁၄၁၂)ဦးက ဇန်နဝါရီလ ၅ ရက်အထိ ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 18,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရန်နှင့် လျော့ကျစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီ အချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်(Covishield)ကာကွယ်ဆေးထိုးနှံသူစုစုပေါင်း(၁၃၂)ဦး၊ ဒုတိယအကြိမ်(Sinovac) ကာကွယ်ဆေး ထိုးနှံသူ(၇၈၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။