သတင်းများ

ရှင်ဗွေယန်မြို့၌ ကျောင်းတွင်း အသင်းလိုက်မိုးရာသီ ဘောလုံးအားကစားပွဲ ကျင်းပ
Aug 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင်း အသင်းလိုက်မိုးရာသီ ဘောလုံးအားကစားဖွင့်ပွဲကို ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီမှ စတင်၍ ​အမှတ်(၂)ရပ်ကွက် မြို့မ​ဘောလုံး အားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ပြည်သူများအား ထပ်ဆောင်းရာကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 11,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက် ၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း ဝင်းအတွင်းတွင် ယနေ့​ နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ (၂၀) ဦးနှင့် Booster Dose ထိုးနှံသူ (၈၀) ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသူ (၁၀၀)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် ရုံးဖွင့်လှစ်
Aug 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး
မင်းဘူး(စကု)မြို့နယ်တွင်  မိုးဖြိုင်ဖြိုင်ရွာသွန်းမှုများကြောင့် နှံစားပြောင်းပင်များ ရှင်သန် ကြီးထွားလာ
Aug 11,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် နှံစားပြောင်း သီးနှံစိုက်ခင်းများ စိုက်ပျိုးထားသော်လည်း ဇွန်လနှင့် ဇူလိုင်လများ၌ မိုးရွာသွန်းမှု မရှိဘဲ မိုးခေါင်နေသောကြောင့် နှံစားပြောင်းပင်များမှာ အရောင်ဝါပြီး ကြုံလှီ ဖျော့တော့ကာ ဩဂုတ်လထဲ ရောက်ခါမှ လတ်တလော မိုးရွာသွန်းမှုများကြောင့် စိမ်းစိုလန်းဆန်းပြီး အပင်များ ဖွင့်ဖြိုးကြီးထွားလာကြောင်း မန်းကျိုးကျေးရွာ နှံစားပြောင်းစိုက် တောင်သူများထံမှ သိရသည်။
ကော့သောင်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံ
Aug 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများသည် ယနေ့နံနက်(၉)နာရီက မဉ္ဇူသကခန်းမတွင် စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်းဆောင်ရွက်
Aug 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိ အသက်(၁၅)နှစ်ပြည့်ပြီးသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြီးအစီး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လနှင့်အထက်၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ လူငယ်ရေးရာဟောပြောပွဲနှင့် အိုဇုန်းလွှာထိန်းသိမ်းခြင်းဆိုင်ရာ ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Aug 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်ရေးရာဟောပြောပွဲနှင့် အိုဇုန်းလွှာထိန်းသိမ်းခြင်းဆိုင်ရာ ဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီက သဗ္ဗညုဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်/စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Aug 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။