သတင်းများ

သဲကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်
Aug 12,2022
မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ကြီးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် ၉နာရီက အ.မ.က တပ်ရွာကျောင်း၌ ကျောင်းသားကျောင်းသူများနှင့် သီတဂူတပ်အလယ်ဘုန်းတော်ကြီးကျောင်းမှ ကိုရင်သာမဏေများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး
Aug 12,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က (ဃ)ရပ်ကွက်‌ ဒေသန္တရ ကျန်းမာရေးဌာနတွင် ထိုးနှံ​​ပေးလျက်ရှိ​ပြီး ကျန်ရပ်ကွက်များတွင်လည်း သတ်မှတ်ဆေးထိုးစုရပ် နေရာများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒုံဝန်းကျေးရွာတွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲ‌တော် ပြုလုပ်
Aug 12,2022
ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ ကရင်တိုင်းရင်းသားတို့၏ ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယမန်နေ့ (ဝါခေါင်လပြည့်နေ့)နံနက်ပိုင်းက သထုံမြို့နယ် ဒုံဝန်းကျေးရွာရှိ အသောကရာမကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ တူးဖော်ရန်ကွင်းဆင်းစစ်ဆေး
Aug 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများတူးဖော်ရန် ယနေ့နံနက်(၈)နာရီခွဲက ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂)သို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းတက်ရောက်
Aug 12,2022
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃ /၂၀၂၂) ကို ယမန်နေ့ ညနေ ၃ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးရုံးခန်း၌ ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက် အမှာစကားပြောကြားသည်။
ကြံခင်းမြို့တွင် မေတ္တာရှေ့ဆောင်လူမှုရေး အဖွဲ့မှဝါတွင်းကာလ ဆရာလေး(၅၁)ပါးအား ဆွမ်းဆန်များလှူဒါန်း
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၊ ကြံခင်းမြို့တွင် မေတ္တာရှေ့ဆောင်လူမှုရေးအဖွဲ့မှ ကန်ကလေးတော ရဓမ္မရိပ်သာအတွင်း သီလဆောက်တည် သီတင်းသုံးနေသော သီလရှင်ဆရာကြီး၊ ဆရာလေး(၅၁)ပါးအား ဆွမ်းဆန်များလှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်း သွားရောက်လှူဒါန်းကြောင်း သိရသည်။
ကျောင်းသား/သူများ အားလပ်ချိန်များတွင် ပြည်သူ့စာကြည့်တိုက်ကို လာ‌ရောက်စာဖတ်ခြင်းနှင့် စာအုပ်များ ငှားရမ်းဖတ်ရှု
Aug 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာပေချစ်မြတ်နိုးသော ကျောင်းသား/သူ‌လေးများက အားလပ်ချိန်များတွင် လာ‌ရောက်စာဖတ်ခြင်းနှင့် စာအုပ်များ ငှားရမ်းဖတ်ရှုခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် အခမ်းအနား လားရှိုးမြို့တွင် ကျင်းပ
Aug 12,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၁၂ ရက်နေ့ နံနက် (၉)နာရီအချိန်က ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနခန်းမတွင်