သတင်းများ

သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူရေးရာအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စားသုံးသူရေးရာအကြောင်း အသိပညာပေး (Talk Show) ကို ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ သည်။
မအူပင်မြို့တွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၁ ခုနှစ်၊ အစိုးရပထမပြန် စာအောင်သံဃာတော်များအား ပူဇော်ပွဲအခမ်းအနားကျင်းပ
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲနှင့် ၂၀၂၁ ခုနှစ် အစိုးရပထမပြန် စာအောင်သံဃာ တော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မအူပင်ခရိုင် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
စုကလိမြို့တွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ
Aug 12,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် နှစ်စဉ်ဝါခေါင်လပြည့်နေ့၌ ရိုးရာအစဉ်အလာတစ်ခုဖြစ်သည့် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စုကလိမြို့ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်
Aug 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား သံချဆေး တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ဆောင်ရွက်ကြောင်း သိရသည်။
ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Aug 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ် လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတ ရရှိစေရန်နှင့် ခရိုင်ပြည်သူ့ စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့်
အုတ်တွင်းမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်နှင့် မွန်ဘားဆားမြက်စိုက်ပျိုး
Aug 12,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်နှင့် မွန်ဘားဆားမြက်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆီဆုံကုန်းအုပ်စု၊ ကိုင်းသာကြီးကျေးရွာနေ တောင်သူဦးဝင်းတင်၏ ယာမြေတစ်ဧကတွင် နေဗီယာမြက် (၀.၇၀)ဧကနှင့် မွန်ဘားဆားမြက်(၀.၃၀)ဧက စိုက်ပျိုးနေမှုများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက သွားရောက်၍ နေဗီယာမြက်မျိုးနှင့် မွန်ဘားဆားမြက်မျိုးစေ့များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟောပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖိုများ ဖြန့်ဝေ
Aug 12,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ပံတုန်းကျေးရွာသို့ သွားရောက်၍ သဘာဝ​ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့ရှိ အခြေခံပညာကျောင်းများ၌ သံချဆေးနှင့် သံဓာတ်အားဆေးများ တိုက်ကျွေး
Aug 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သံချဆေးနှင့် သံဓာတ်အားဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။