သတင်းများ

မိုင်းဆတ်မြို့၌ အားကစားနှင့်ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ
Aug 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အားကစားနှင့်ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကျင်းပ
Aug 12,2022
မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို ပြန်လည်ဖော်ထုတ်ရေး၊ လူငယ်ထု၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်းရေးနှင့် မျိုးချစ်စိတ် ဇာတိမာန်ပြန်လည် ထွန်းကားရေးနှင့် တိုင်းတစ်ပါးယဉ်ကျေးမှု လွမ်းမိုးခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အထက(၁)ကျောင်းမဉ္ဇူသကခန်းမ၌ (၂၃)ကြိမ် မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီခွဲတွင် ကျင်းပခဲ့သည်။
ကျိုက်ထိုမြို့နယ် အ.ထ.က (၂) ၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ပြုလုပ်
Aug 12,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနနှင့် အား ကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသု ရရှိစေရန် အားကစား‌၏ အကျိုးကျေးဇူးကို သိရှိစေရန်၊ ရည်ရွယ်၍ အသိပညာပေးဟော ပြောပွဲကို ယနေ့ နံနက် (၁၀)နာရီ က အထက(၂) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက် ကလေးများအား ထောက်ပံ့ငွေများပေးအပ်
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)အောက်ကလေးများအား ထောက်ပံ့ငွေများပေး အပ်ရာတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်း ရှိရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များမှ တစ်ဆင့်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ထောက်ပံ့ငွေများအပ် ခဲ့ကြောင်းသိရသည်။
ဗန်းမော်ခရိုင်အတွင်း၌ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်
Aug 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ ဆီထွက်သီးနှံစိုက်ဧကများ တိုးတက်လာစေရေး၊ တစ်ဧက အထွက်နှုန်း တိုးတက်လာစေရေးနှင့် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံလာစေရေး၊ ကျေးလက်နေ တောင်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး မိသားစုဝင်ငွေ တိုးတက်လာစေရန် ရည်ရွယ်၍ ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ စိုက်ပျိုးပညာပေးရေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ကြေးငွေများပေးအပ်
Aug 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ် (ဧပြီလမှ ဇွန်လအထိ) ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်းအစီအစဉ် (MCCT)အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံကြေးပေးအပ်ခြင်းကို ယမန်နေ့၊ မွန်းလွဲပိုင်း အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
သာယာဝတီမြို့တွင် လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်း
Aug 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ် (Community Centre) ခန်းမ၌ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) တွင် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အမျိုးသမီး အပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။