အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှု်ပရှားမှု အခမ်းအနား ဖြူးမြို့နယ်၌ ကျင်းပ
Aug 12,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ (၅)နှစ်အောက် ကလေးငယ်များနှင့် ကျောင်းသားလူငယ်များ အာဟာရပြည့်ဝပြီး ရောဂါကင်းစင်စေရေးအတွက် ရည်ရွယ်ကာ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှု်ပရှားမှု အခမ်းအနားကို ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။