ကော့မှူးမြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 12,2022
ကျောင်းနေအရွယ် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေး ညီညွတ်သော လူနေမှုစနစ်ပုံစံများ သိရှိနိုင်စေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်မြှင့်မားစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယနေ့နံနက် က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် အခြေခံမှုလတန်းကျောင်း အ.မ.က (မကျီးတန်း)ကျောင်း၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ က အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။