ကြံခင်း ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၊ ကြံခင်းမြို့တွင် မေတ္တာရှေ့ဆောင်လူမှုရေးအဖွဲ့မှ ကန်ကလေးတော ရဓမ္မရိပ်သာအတွင်း သီလဆောက်တည် သီတင်းသုံးနေသော သီလရှင်ဆရာကြီး၊ ဆရာလေး(၅၁)ပါးအား ဆွမ်းဆန်များလှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်း သွားရောက်လှူဒါန်းကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုအားမေတ္တာရှေ့ဆောင် လူမှုရေးအဖွဲ့ဝင်တစ်ဦးက "ဝါတွင်းကာလတွင် သီလရှင်ဆရာကြီး၊ ဆရာလေးများဆွမ်းအခက်အခဲ မရှိစေရန်ဆွမ်း ဆန်အစရှိသော လှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် သီလရှင်ဆရာလေးတစ်ပါးလျှင် ဆန်တစ်ပြည်(၃)လုံး၊ ဆား၊ ကြက်သွန်နီ၊ ကြက်ဥနှင့်ထမင်းသုပ်ဘူးများ လှူဒါန်းပေး ခဲ့ကြောင်း”သိရသည်။
ထိုသို့လှုဒါန်းရာတွင် မေတ္တာရှေ့ဆောင်လူမှုရေးအဖွဲ့ဝင်များက ဆွမ်းဆန်(၃)အိတ်၊ ဆားနှင့်ကြက်သွန်နီ (၂၅ပိသာ၅၀သား)စီ၊ ကြက်ဥနှင့် ထမင်းသုပ်ဘူး(၅၁) ဘူးစီ စုစုပေါင်း ငွေကျပ် (၂၃၀၀၀၀)ဖိုးလှူဒါန်းခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)