ကျောင်းသား/သူများ အားလပ်ချိန်များတွင် ပြည်သူ့စာကြည့်တိုက်ကို လာ‌ရောက်စာဖတ်ခြင်းနှင့် စာအုပ်များ ငှားရမ်းဖတ်ရှု

မင်းလှ ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာပေချစ်မြတ်နိုးသော ကျောင်းသား/သူ‌လေးများက အားလပ်ချိန်များတွင် လာ‌ရောက်စာဖတ်ခြင်းနှင့် စာအုပ်များ ငှားရမ်းဖတ်ရှုခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“အားလပ်ချိန်၌ ပြည်သူ့စာကြည့်တိုက်ကို‌ လာရောက်သည့် ကျောင်းသား/သူ‌လေးများအား စာကြည့်တိုက်မှူးက စာအုပ်များ ငှားရမ်းပေးခြင်းနှင့် စာအုပ်များ ဖတ်စေခြင်းတို့အပြင် ဗဟုဟုတရရှိစေမည့် ပုံပြောပြခြင်း၊ ဂိမ်းကစားနည်းများပြုလုပ်စေခြင်း၊ (Museum) ပြတိုက်ငယ်များကို လေ့လာစေခြင်း၊ အသိပညာပေး နံရံကပ်ပိုစတာများ ပြသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း” ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

ပေါက်စ(မင်းလှ)