သာယာဝတီမြို့တွင် လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်း

သာယာဝတီ     သြဂုတ်  ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီမြို့နယ်နေ ပြည်သူများနှင့်မိသားစုဝင်များအား တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိစေမည့် လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်တတ်စေရန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများတွင်ပါဝင်သော ဓါတုပစ္စည်းများအကြောင်း နားလည်စေရန်အတွက် နည်းပညာများဖြင့် စီးပွားဖြစ်လုပ်ကိုင်နိုင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်း က သင်တန်းဆင်းအမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းတွင် ဆပ်ပြာအဆီအမျိုးမျိုး၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ဘက်စုံသုံးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ပယင်းဆပ်ပြာခဲ၊ နနွင်းဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် အမျိုးမျိုးထုတ်လုပ်နည်းများကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သြဂုတ်လ ရက်မှ ၁၂ ရက်နေ့အထိ စာတွေ့လက်တွေ့ ()ရက်ကြာ အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း (၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)