ဖျာပုံမြို့၌ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက် ကလေးများအား ထောက်ပံ့ငွေများပေးအပ်

ဖျာပုံ   သြဂုတ်   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)အောက်ကလေးများအား ထောက်ပံ့ငွေများပေး အပ်ရာတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်း ရှိရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များမှ တစ်ဆင့်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ထောက်ပံ့ငွေများအပ် ခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအားငွေကြေးထောက်ပံ့ရေး အစီအစဉ် (MCCT)အရ တစ်ဦးလျှင် ထောက်ပံ့ငွေ တစ်လလျှင် (၁၅၀၀၀)ကျပ် နှုန်းဖြင့် သုံးလစာကို ဖျာပုံမြို့နယ် အတွင်း ကိုယ်ဝန်ဆောင် (၂၇၅၇)ဦး၊ ကလေး (၆၉၂၈)ဦး၊ ပေါင်း (၉၆၈၅)ဦး၊ စုစုပေါင်းထောက်ပံ့ ငွေကျပ်သိန်းပေါင်း (၄၁၅၁၇၀၀၀၀/-)အား၊ ဖျာပုံခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများကမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပြီး၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) အောက်ကလေးများအား ထောက်ပံ့ငွေများဆက်လက် ထောက်ပံ့ပေးအပ်သွား မည်ဖြစ်ကြောင်း၊ ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)