အိမ်မဲမြို့နယ် (Community Centre) ခန်းမ၌ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်

အိမ်မဲ ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community  Centre) တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အမျိုးသမီးအပေါ် အကြမ်းဖက်မှုပပျောက်ရေး  အသိပညာပေး Talk Show  ကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အသိပညာပေး Talk Show တွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က အသိပညာပေး Talk Show ပြုလုပ်ရ ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ပဋိညာဉ်ပါသာတူညီမျှရရှိရေး၊ ခွဲခြား ဆက်ဆံမှုမရှိစေရေး၊ ဖိနှိပ်ချုပ်ချယ်မှုကင်းစင်ရေးဟူသော ဘုံသဘောတူညီမှု ရည်မှန်းချက်များနှင့် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်စောသန္တာဦးက မျက်မှောက် ကာလအမျိုးသမီးအကြမ်းဖက်မှုဖြစ်စဉ်များ၊  အကြမ်းဖက်ခံရသူအမျိုးသမီးများအား စိတ်ဓာတ် ခွန်အားမြှင့်တင်ပေးသည့် အားပေးနှစ်သိမ့်မှုသည် အရေးကြီးကြောင်းနှင့် ထိရောက်သောဥပဒေများဖြင့် အကာကွယ်ပေးဖို့ လိုအပ်ကြောင်းစသည့် အချက်များကိုဆွေးနွေးပြောကြားခဲ့ သည်။

အိမ်မဲမြို့နယ်ရုံး၏ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေး (Talk  Show) ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ နံရံကပ်စာစောင် ပြပွဲစာအုပ်ပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဌေးဌေးလှိုင်