သိန္နီ သြဂုတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ် (ဧပြီလမှ ဇွန်လအထိ) ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်းအစီအစဉ် (MCCT)အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံကြေးပေးအပ်ခြင်းကို ယမန်နေ့၊ မွန်းလွဲပိုင်း အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်သန်းက ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား နိုင်ငံတော်က ထောက်ပံ့ကြေး ပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ သေဆုံးမှုလျော့ချနိုင်စေရန်၊ မိခင်နှင့်ကလေး ကျန်းမာသန်စွမ်းစေရန်၊ မွေးဖွားလာသည့် ကလေးသူငယ်များအတွက် အာဟာရပြည့်ဝ၍ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်တွင် ကျန်းမာသန်စွမ်းသော ကလေးသူငယ်များ တိုးပွားလာစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၈)အုပ်စုရှိ ကိုယ်ဝန်ဆောင် မိခင်(၂၆၉)ဦးနှင့် အသက်(၂)အောက်ကလေး(၉၃၄)ဦး (၁၂၀၃)ဦးတို့အတွက် ငွေကျပ်(၅၁၉၇၅၀၀၀)အား ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)