သတင်းများ

မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌​ သတိပြုစရာမျောက်​ကျောက်​ရောဂါ Talk Show ကျင်းပ
Aug 12,2022
​ပြည်သူများ ​မျောက်​ကျောက် (Monkeypox) ကူးစက်​ရောဂါ အ​ကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်​​​စေရန်ရည်ရွယ်၍ ယ​နေ့နံနက် ၁၁:၀၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာ​ရေးဆရာမ ​ပေါက်ပေါက်နှင့် သတိပြုစရာ​မျောက်​ကျောက်​ရောဂါအ​ကြောင်း သိ​ကောင်းစရာ အသိပညာပေးTalk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းအဆင့် ကျန်းမာရေးသတင်းပတ်လှုပ်ရှားမှုနှင့် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်
Aug 12,2022
ပြည်ထောင်နယ်မြေ၊နေပြည်တော် ဥတ္တရသီရိ မြို့နယ်တွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းအဆင့်ကျောင်းကျန်းမာရေး လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို
တာမွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Aug 12,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က တာမွေ(ယာယီ)စျေးမှ စျေးရုံကိုယ်စားလှယ် ဦးကြည်မြင့်နှင့် မိသားစုက မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ
Aug 12,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အ.ထ.က မင်းကွက်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် "မိခင်ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများအတွက် ရွေ့လျားကျန်းမာရေး စောင့်ရှောက်မှု ပံ့ပိုးကူညီခြင်းစီမံချက်” မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် UNFPA တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော "မိခင်ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေး လုပ်ငန်းများအတွက် ရွေ့လျား ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးကူညီခြင်းစီမံချက်” မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ အချိန်က မြတ်ဒါနစေတနာဆေးခန်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကသာမြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေး
Aug 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ဖြစ်သည့် ဩဂုတ်လ(ဒုတိယပတ်)တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
မယ်စဲ့မြို့နယ်၌ ကျောင်းနေအရွယ် ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 12,2022
နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ်ဖြစ်သည့် ကလေးသူငယ်များ ပညာသင်ယူခွင့်ရရှိစေရေး၊ ကျောင်းနေအရွယ် ကလေးသူငယ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်မှုကို ဟန့်တားထိန်းချုပ်နိုင်စေရေး ရည်ရွယ်၍ ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းပြန်/ဆက်  လူထုအခြေပြုဗဟိုဌာန၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်းအသိပညာပေး Talk Show ပြုလုပ်
Aug 12,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါအကြောင်းအသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။