သတင်းများ

မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားနှင့် ကျောင်းသားကလေးငယ်များအား အာဟာရတိုက်ကျွေး
Aug 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်း အနားနှင့် ကျောင်းသားကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်း တို့ကို ယနေ့ နံနက် ၉ နာရီခွဲက မြို့တော်ခန်းမနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။
လက်ပံတန်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူ အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Aug 12,2022
ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ လက်ပံတန်းမြို့နယ်၏ ၂၀၂၂-ခုနှစ်၊ သြဂုတ်လအတွင်းကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လျာထားကျေးရွာများအနက် ပန်းတိမ်စုကျေးရွာအုပ်စု၊ သက္ကယ်ကုန်း ကျေးရွာသို့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Aug 12,2022
မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ဝန်ထမ်းများနှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေပြီး မှန်ကန်ထိရောက် မြန်ဆန်စေရန် ရုံးလုပ်ငန်းလက်စွဲပါအကြောင်းအရာများကို စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။
မြဝတီမြို့၌ (၆၁)နှစ်ပြည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 12,2022
မြဝတီခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြဝတီခရိုင်နှင့်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A)တို့ ကြီးမှူး ကျင်းပသည့် (၆၁)နှစ်ပြည့်နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့် မေတ္တာအခါတော် ယနေ့နေ့လယ် ၁၂ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီးရှိ၊ သာသနာ့ဟိတ ကာရီဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
မြဝတီမြို့ရှိ ရွှေမြင်းဝန်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေး အလှူငွေပေးအပ်ပွဲကျင်းပ
Aug 12,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ မြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး အလှူငွေပေးအပ်ပွဲကို သာသနာ့ဟိတ ကာရီဗိမ္မာန်တော်တွင် ယမန်နေ့သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါခေါင် လပြည့် မေတ္တာအခါတော်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့တွင် အနာဂတ်ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် ကျောင်းသား၊ ကျောင်းသူများအား နွားနို့ကြက်ဥတိုက်ကျွေး
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မွေးမြူရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ အ.မ.က (မူလွန်) ဘုရားချောင်း(ရပ်)ကျောင်းနှင့် အ.မ.က (ခါတော်မီ) ကျောင်းများ တွင် ယနေ့ နံနက်(၁၀)နာရီအချိန်က အနာဂတ်ကလေးများ ဉာဏ်ရည် ဖွံ့ဖြိုးစေရန်အတွက် ကျောင်းသား၊ ကျောင်းသူများအား နွားနို့ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ ဧက ၆၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး ခတ်ချိုကျေးရွာရှိတောင်သူများနှင့် စိုက်ပျိုးရေးအသိပညာပေးဆွေးနွေး
Aug 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း မိုးစပါးအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဝိုင်းမော်မြို့နယ်အတွင်း ဆောင်းသီးထပ်သီးနှံအဖြစ် ဆီးထွက် သီးနှံ နေကြာဧက ၆၀၀ ကျော်တိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့ ညနေ ၃ နာရီက ခတ်ချိုကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့် ခတ်ချိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။