သတင်းများ

ရှင်ဗွေယန်မြို့ Community Centre ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Aug 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ရွှေကူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Aug 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်း အမှတ် စာအုပ်စာစောင်ပြပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နေ့လည် ၁ နာရီအချိန်က ဆောင်ရွက်သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းပိတ်ချိန်တွင် ကျောင်းသားလူငယ်များ အချိန်ကို အသုံးချတတ်စေရေး ပြိုင်ပွဲများဆောင်ရွက်ပေး
Aug 12,2022
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/သားများအနေဖြင့် အဖိတ်/ဥပုဒ်ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အကျိုးရှိစွာ အသုံးချတတ်စေရေး၊ ပြည်သူ့စာကြည့်တိုက်သို့ ယုံကြည်အားကိုး လာရောက်ကာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများကို လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ပျော်ရွှင်ဖွယ်ကစားနည်းများ ပြုလုပ်ပေးခဲ့သည်။
လှိုင်းဘွဲမြို့နယ် သမ္ဘာန်ကျေးရွာ၌ မိုးစပါးမျိုးစေ့ထုတ်လုပ်နိုင်ရန်အတွက် ဆင်းသုခ (RS) စပါးမျိုးကို ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုး
Aug 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာအတွင်းရှိကွင်း အမှတ်-၁၄၁၈ (ဃ)၌ တောင်သူ ဒေါ်နော်ဝင်းကြည်နှင့် ဒေါ်နော်မူထူးတို့၏ လယ်မြေ (၂၀) ဧကတွင်   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံမှ မျိုးစေ့ထုတ် (RS-CS) ဆင်းသုခစပါးမျိုးကို နောင်နှစ်များတွင် မျိုးစပါးအခက်အခဲမရှိစေရေးအတွက် မျိုးစပါးထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးခဲ့ကြကြောင်း တောင်သူများထံမှ သိရသည်။
ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ
Aug 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့် တောင်သူ(၂၁)ဦး၏ စပါးစိုက်ခင်းများ ရေနစ်မြုပ်မှုဖြစ်ပွား
Aug 12,2022
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သြဂုတ်လ ၁၁ ရက် ည​နေပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့် မိုင်းဟဲကျးရွာအုပ်စုရှိ မယ်ဟုတ်​ချောင်း​ ​ရေကြီး​ရေလျှံဖြစ်ပွားပြီး ​ချောင်း​ဘေးအနီးရှိ မိုးစပါးစိုက်ခင်း (၇၅)ဧကခန့် ​ရေနစ်မြုပ်မှုဖြစ်ပွားခဲ့​ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Aug 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။