မြောင်းမြမြို့တွင် အနာဂတ်ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် ကျောင်းသား၊ ကျောင်းသူများအား နွားနို့ကြက်ဥတိုက်ကျွေး

မြောင်းမြ သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မွေးမြူရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ .မ.က(မူလွန်) ဘုရားချောင်း(ရပ်)ကျောင်းနှင့် အ.မ.က (ခါတော်မီ) ကျောင်းများ တွင် ယနေ့ နံနက်(၁၀)နာရီအချိန်က အနာဂတ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် ကျောင်းသား၊ ကျောင်းသူများအား နွားနို့ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ နွားနို့ကြက်ဥတိုက်ကျွေးသည့် အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက နွားနို့ ကြက်ဥတိုက်ကျွေးရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် အနာဂတ်မျိုးဆက်သစ်များ ကိုယ်ခန္ဓာ ကြီးထွားစေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန်၊ ကလေးငယ်များ ကျန်းမာကြံ့ခိုင်စေရန် နွားနို့ကြက်ဥများ တိုက်ကျွေးရခြင်းဖြစ်ကြောင်း၊  ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင် ရန် လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ပြီး စုပေါင်း၍ အ.မ.က(မူလွန်) ဘုရားချောင်း(ရပ်)ကျောင်းနှင့် အ.မ.က (ခါတော်မီ) ကျောင်းများတွင် “အနာဂတ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ နွားနို့တိုက်ကျွေးကြပါစို့” ခေါင်းစဉ်ဖြင့် နွားနို့ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)