သတင်းများ

ဆေးခြောက်ထည့်သွင်းထားသော ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများအား ကျောင်းများတွင် ရောင်းချခြင်းမှ ကာကွယ်တားစီးနိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 12,2022
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပဲခူးမြို့နယ်အတွင်းရှိ ကျောင်းများတွင် ဆေးခြောက်ထည့်သွင်းထားသော ဆေးဝါးနှင့် စားသောက်ကုန်များအား ကျောင်းများတွင် ရောင်းချခြင်းမှ ကာကွယ်တားတီးနိုင်ရေးဟူသော ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်း က ပဲခူးမြို့ပေါ်ရှိ အ.ထ.က (၁)၊ အ.ထ.က (၂) အ.ထ.က (၃)ကျောင်းများရှိ ဈေးဆိုင်များနှင့် ပဲခူးမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ကျောက်တံတားမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှု ဟောပြောပွဲကျင်းပ
Aug 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှု‌ ဟောပြောပွဲ အခမ်းအနားကို ယနေ့‌ နေ့လယ် ၁၂ နာရီက အမှတ်(၅)ရပ်ကွက်၊ (၃၇)လမ်းရှိ အထကကျောင်း စကားဝါခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဗဟန်းမြို့နယ် ဂီတအစည်းအရုံး မြို့နယ်အဆင့်အမှုဆောင်များ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ (၁:၀၀) နာရီက ဗဟန်းမြို့နယ် ဂီတအစည်းအရုံးမြို့နယ်အဆင့် အမှုဆောင်များ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
မိုးစပါးကန်ထရိုက်လယ်ယာ စာချုပ်ချုပ်ဆိုစိုက်ပျိုးသည့် တောင်သူများအား  စိုက်ပျိုးစရိတ်နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်
Aug 12,2022
ကန်ထရိုက်လယ်ယာ စာချုပ်ချုပ်ဆိုစိုက်ပျိုးကြသည့် တောင်သူများအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ပြည်ထောင်းစုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက်(MAPCO) ဆန်စက်၌ ကျင်းပသည်။
ကျောက်တံတားမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှု ဟောပြောပွဲကျင်းပ
Aug 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှု‌ ဟောပြောပွဲ အခမ်းအနားကို ယနေ့‌ နေ့လယ် ၁၂ နာရီက အမှတ်(၅)ရပ်ကွက်၊ (၃၇)လမ်းရှိ အထကကျောင်း စကားဝါခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်
Aug 12,2022
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကထုတ်ဝေသည့် “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်ဖြင့် ဝန်ထမ်းများ ရုံးတွင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁ဝ)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ကော့ကရိတ်မြို့  တောင်ပေါ်ရပ်အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ
Aug 12,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို တောင်ပေါ်ရပ် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့၊ ရှု့ခင်းသာ(၂)ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ဝါဆိုမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Aug 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ဇနီးတို့မှကြီးမှူး၍ ဌာနဆိုင်ရာဝန်ထမ်းများက မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ရှုခင်းသာ(၂)ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ဩဂုတ် ၁၀ ရက်နံနက် ၁၀ နာရီက ဝါဆိုမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။