ငဖဲမြို့နယ် ဇီးတောကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Aug 15,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဇီးတောလေးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။