မန်တုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ဝပ်ရှော့ပြင်သင်တန်းဖွင့်လှစ်

မန်တုံ သြဂုတ် ၁၅

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ဝပ်ရှော့ပြင် သင်တန်းအား ပလောင်ခန်းမ၌ သြဂုတ်လ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်ဝပ်ရှော့ပြင်သင်တန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၄.၀)သန်းဖြင့် ကျေးရွာနေပြည်သူများ အသက်မွေးဝမ်းကြောင်း အထောက်အကူဖြစ်စေရန် ရည်ရွယ်၍  အခမဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်ဝပ်ရှော့ပြင်သင်တန်းသို့ ကျေးရွာများမှသင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၀၂၂ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့မှ သြဂုတ်လ(၂၀)ရက်နေ့ အထိ ရက်(၂၀)ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)