မန်တုံမြို့နယ် တရုတ်စာသင်ကျောင်း ကျောင်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

မန်တုံ သြဂုတ် ၁၅

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ တရုတ်ရိုးရာစာပေနှင့်ယဉ်ကျေးမှု ကော်မတီမှကြီးမှူး၍ တရုတ်စာသင်ကျောင်းခန်းမ၌ ယမန်နေ့က ကျောင်းဆင်းပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံကျောင်းများမှ ကျောင်သူ/ကျောင်းသားအများစုမှာ ကျောင်းချိန်ပြင်ပ နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် တရုတ်စာသင်ကျောင်း၌ တရုတ်စာများသင်ယူပြီးမြောက်ခဲ့၍ တရုတ်ရိုးရာယဉ်ကျေးမှုကော်မတီနှင့် တရုတ်စာသင်ကျောင်းမှ တာဝန်ရှိသူများက တရုတ်စာ(၆)တန်း အောင်မြင်သူများအား သင်ယူပြီးမြောင်ကြောင်း လက်မှတ်ပေးအပ်ခြင်း၊ စာသင်နှစ်အတွင်း ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်စာသင်ကျောင်းသို့ မန်တုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်မှ လူငယ်၊ လူရွယ်၊ ကျောင်းသူ/ ကျောင်းသား (၃၅၀)ဦးခန့် နှစ်စဉ်တက်ရောက်ကြကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)