သတင်းများ

မြန်မာ-တရုတ် ကုန်စည်တင်/ ပို့လျက်ရှိသည့် မော်တော်ယာဉ်အစီး‌ရေ တိုးမြှင့်သတ်မှတ်နိုင်ရေးနှင့် စနစ်တကျတင်ပို့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး
Mar 22,2022
ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်ပြည်သူသမ္မတနိုင်ငံနှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မော်တော်ယာဉ်အစီးရေ တိုးမြှင့် သတ်မှတ်နိုင်ရေးနှင့် မော်တော်ယာဉ်များ စနစ်တကျ တင်ပို့နိုင်ရေးအတွက် မြန်မာ-တရုတ်ကုန်စည် ပြန်လည်စီးဆင်းနိုင်လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဆွေးနွေးပွဲ (Talk Show)ကျင်းပ
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာ ပေး(Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့၊ နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၌ (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Mar 22,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျိုက်ထိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများ၊ အခြေခံပညာကျောင်းများနှင့် မြို့တွင်းလူစည်ကားရာ နေရာများသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် အခမ်းအနားမှူး သင်တန်း ဖွင့်လှစ်
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအဖွဲ့ (Youth Club) တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပသည်။
ဒိုက်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Mar 22,2022
ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် သဘာဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပါက အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှု အခြေအနေအားစစ်ဆေး
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှု အခြေအနေအား စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီခွဲအချိန်က စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်း​ ကျေးလက်​ရေရရှိရေးနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး
Mar 22,2022
ရန်ကုန်​မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ​ ကျေးလက်​နေပြည်သူများ သန့်ရှင်း​သော ​သောက်သုံး ရေဖူလုံစွာ ရရှိ​ရေးနှင့်​ ကျေးရွာသူ/သားများကုန်စည်စီးဆင်းမှုများအဆင်​ပြေ​စေရန်အတွက် ကုန်ထုတ်လမ်းများ​ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ပြီးစီး​နေပြီဖြစ်​ကြောင်းမြို့နယ်​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ သိရသည်။
ကျောက်တံခါးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ ညနေ(၄)နာရီအချိန်က လူငယ်များ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ စိတ်ဓါတ် မြှင့်တင်ရေးနှင့် ကျန်းမာကြံခိုင်စေရေး ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့သည်။