တိုက်ကြီးမြို့နယ်အတွင်း​ ကျေးလက်​ရေရရှိရေးနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

တိုက်ကြီး မတ် ၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံး ရေဖူလုံစွာ ရရှိရေးနှင့်ကျေးရွာသူ/သားများကုန်စည်စီးဆင်းမှုများအဆင်ပြေစေရန်အတွက် ကုန်ထုတ်လမ်းများဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 
တိုက်ကြီးမြို့နယ်အတွင်း ၂၀၂၁- ၂၀၂၂ခု၊ ()လဘဏ္ဍာရေးနှစ်တွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေကျပ်(၅၃.၀၀)သန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ်(၄၀၀.၅၂၃)သန်း၊ မွမ်းမံရန်ပုံငွေကျပ်(၁၂.၁၂)သန်း၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်(.၃၈)သန်း စုစုပေါင်းငွေကျပ်(၄၆၆.၉၄၃)သန်းဖြင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများ၊ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း Well Developingပြုလုပ်ခြင်းလုပ်ငန်း၊ ကုန်ထုတ်မြေ သားလမ်းနှင့် ၄င်းလမ်းပေါ်ရှိ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။


အဆိုပါရန်ပုံငွေများဖြင့် လုပ်ငန်းများအား တင်ဒါဖြင့် တွင်းနက်()တွင်း၊ ကုန်ထုတ်မြေသားလမ်း () လမ်း၊ ကုန်ထုတ်​​​မြေသားဂဝံလမ်း()လမ်း၊ Box Culvert ()စင်းနှင့် ဦးစီးဌာနမှ တွင်းနက်()တွင်း၊မြေသားရေကန်အနက်နှိုက်ခြင်းလုပ်ငန်း()ခု၊ ခြံစည်းရိုး ကာရံခြင်း လုပ်ငန်း()ခု၊ Well Developing ပြုလုပ်ခြင်းလုပ်ငန်း()ခု၊ရေသန့်စင် စနစ် တည်ဆောက်ခြင်းလုပ်ငန်း()ခု၊ ကုန်ထုတ်လမ်းပေါ်ရှိ Box Culvert () စင်းတို့အား သတ်မှတ်အရည်အသွေး၊ စံချိန်၊ စံညွှန်းပြည့်မီစွာဖြင့် လုပ်ငန်းများ အားလုံးရာနှုန်းပြည့်ပြီးစီးအောင် ကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)