လှိုင် မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာ ပေး(Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့၊ နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် လှိုင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမင်းဆက်ပိုင်က ၂၀၂၂ ခုနှစ်၊ မတ်(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ တပ်မတော်အနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတော်အတွက် အမျိုးသားအကျိုး စီးပွားနှင့် စစ်ရေးစွမ်းအား ကာကွယ်စောင့်ရှောက်နေမှုများ၊ အင်းအားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ကြီး တည်ဆောက်နေမှုများ၊ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့်အတိုင်း တပ်မတော်နေ့ဖြစ်ပေါ်လာပုံ အဆင့်ဆင့်နှင့် ပတ်သက်သည့်အကြောင်း အရာများ၊ ယနေ့အချိန် ကာလတွင်တပ်မတော်မှ တာဝန်ယူဆောင်ရွက်နေ့သည့်၊ လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးအစရှိသည့်၊ တပ်မတော်နှင့် ပတ်သက်သော အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရေးအစရှိသည့် အကြောင်း အရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ရဲအောင်(ပြန်/ဆက်)