ကျောက်တံခါး မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ ညနေ(၄)နာရီအချိန်က လူငယ်များ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ စိတ်ဓါတ် မြှင့်တင်ရေးနှင့် ကျန်းမာကြံခိုင်စေရေး ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူးက လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် စိတ်ဓါတ်မြှင့်တင်ရေး ကျန်းမာရေးနှင့် ကြံ့ခိုင်ရေး အကြောင်းများကို ဟောပြောပြီး တက်ရောက်လာ သူများက သိလိုသည်များပြန်လည်မေးမြန်းခဲ့ကြသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ အမျိုးသမီးအသင်း(Woman Club)နှင့် လူငယ်အသင်း (Youth Club)တို့မှ အဖွဲ့ဝင် (၂၀)ဦး ပါဝင်တက်ရောက်ကြခဲ့ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)