သတင်းများ

လှိုင်းဘွဲမြို့နယ် အထကကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးနှင့် အားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ နွေးရာသီကျောင်းပိတ်ချိန်တွင် အကျိုးရှိရှိ နေထိုင်နိုင်စေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ် ပိုင်းက အထကကျောင်း ပန်းဝတ်မှုံခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) ၌ တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေး
Mar 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)၌ ဝင်းထက်မြန်မာတည်ဆောက်ရေးကုမ္ပဏီ က တာဝန်ယူတည်ဆောက်နေသည့် (၁၈၈ ပေ × ၄၈ ပေ) ရှိ RC နှစ်ထပ်စာသင်ဆောင် ၂ လုံး တည်ဆောက်နေမှုအား လွိုင်လင်ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ (၁:၃၀) အချိန် က သွားရောက်စစ်ဆေးသည်။
စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ကြရန် အသိပညာပေးနှိုးဆော်ချက်များအား စဉ်ဆက်မပြတ် ဆောင်ရွက်
Mar 23,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များ နှင့် အိုမီခရွန် ကူးစက်မြန်ရောဂါအကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ ရာ ယနေ့ နံနက် ၉ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့  ဓနုဖြူမြို့နယ်မှ ကျောင်းသား/ကျောင်းသူ (၉၆၁)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းတွင်းဖြေ ကျား(၃၂၅)ဦး၊ မ(၄၉၉)ဦး၊ စုစုပေါင်း(၈၂၄)ဦး၊ ပြင်ပဖြေ ကျား (၅၄)ဦး၊ မ(၈၃)ဦး၊ စုစုပေါင်း (၁၃၇)ဦး၊ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၉၆၁)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာသင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အကြို လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Mar 23,2022
စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 23,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ဒေသခံပြည်သူများ မြန်မာနိုင်ငံ၏ တပ်မတော်နေ့အကြောင်း သိကောင်းစရာ ဗဟုသုတများကို သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၂ ခုနှစ် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နေ့လည် ၁၂ နာရီအချိန်က ရပ်ကွက်များနှင့် စာသင်ကျောင်းများ၌ သွားရောက်ဖြန့်ဝေခဲ့သည်။
ကလောမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club မှ စာဖတ်ဝိုင်းကျင်းပ
Mar 23,2022
ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာ မောင်နေခြည်(ပြည်)ရေးသားသည့် ပွင့်သောပန်းတို့ အလန်းဆုံးဝေ စာအုပ်ဖြင့် ပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်း
Mar 23,2022
ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကရင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကျေးရွာအုပ်စု /ကျေးရွာများ၌ ဖွင့်လှစ်ထား သည့် ကျေးရွာစာကြည့်တိုက်များသို့ သုတ ရသ စာအုပ်များအား ပေးအပ်လှူဒါန်းလျက်ရှိရာ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ သုတရသ စာအုပ်များအား ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း ချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။