ဒိုက်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ဒိုက်ဦး မတ် ၂၂

ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်သူများအား စနစ်တကျရှိစေရန် ၃ ပေအကွာ နေရာများထားပေးခြင်း၊ လက်ဆေးဘေလ်စင်များ ထားရှိပေးခြင်းများကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင်ထုတ်ယူရာတွင်မတ် လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဒိုက်ဦးမြို့ နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နံနက် (၀၇၀၀) နာရီ အချိန်မှ နေ့လယ် ၁၄:၀၀ နာရီအချိန်အထိ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများ အနေဖြင့်မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူ နိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် ဒုတိယမန်နေဂျာထံမှ သိရသည်။ 

မြို့နယ်(ပြန်/ဆက်)