သတင်းများ

ပင်းတယမြို့နယ်၌ ရွှေဖီမိုးလွတ်လ္ဘက်များ စတင်ခူးဆွတ်
Mar 22,2022
မြန်မာလူမျိုးများ အနှစ်သက်ဆုံးနှင့် အလှူမင်္ဂလာ၊ ဧည့်ခံပွဲတိုင်းတွင် မပါမဖြစ်ရိုးရာ အစားအစာဖြစ်သော လ္ဘက်များကို တောင်ပေါ်ဒေသများတွင် အများအပြား စိုက်ပျိုးထားရှိရာ ယခုအခါ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနီး ကျေးရွာများတွင် ရွှေဖီမိုးလွတ်လ္ဘက်များကို စတင်ခူးဆွတ်နေကြပြီဖြစ်ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်
Mar 22,2022
မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက မိဘပြည်သူများအား ကူညီကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်
ဟိုပန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်
Mar 22,2022
နိုင်ငံတော်မှ MCCT (Maternal and Child Cash Transfer) အစီအစဉ်ဖြင့် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၌ ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနတွင် အခြေခံဘောလုံးသင်တန်းဖွင့်လှစ်
Mar 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ အသက် ၁၂ နှစ်အောက် အခြေခံဘောလုံးသင်တန်းကို ယနေ့မှ စ၍ ခရိုင်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Mar 22,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ)၊ ပင်းတယမြို့နယ်ပညာရေးဦးစီးဌာနနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့မွန်းလွှဲပိုင်း (၁) နာရီက ပင်းတယမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကြို/သက်)ပညာ့ရောင်ခြည်ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာနက ကုန်ညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်
Mar 22,2022
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဒုတိယပြည်နယ်ဉီးစီးမှူးရုံးမှ မတ်လ (၂၁) နေ့ နံနက် (၁၀) နာရီအချိန်က ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ အသိပညာပေး ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ
Mar 22,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်း၊ စာပေမှရသော အသိပညာဗဟုသုတများ အတွေးအခေါ် အသိအမြင်များအား အချင်းချင်းမျှဝေတတ်စေရန် စာပေမှရသော ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှုဘဝများဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Mar 22,2022
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၀၇:၃၀ အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဒုတိယနေ့အဖြစ် အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။