သတင်းများ

သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မအူပင်မြို့နယ် မီးသတ်ဦးစီးဌာနက အသင့်စုဖွဲ့ပြင်ဆင်ထားရှိ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဘဘာဝဘေးအန္တရာယ်များ ဝင်ရာက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခရိုင်မီးသတ်ဦးစီးမှူး ဦးကိုကိုဦး၏ လမ်းညွှန်မှုဖြင့် မအူပင်မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇော်မျိုးဌေးကဦးဆောင်ကာ ယမန်နေ့ကစ၍ အသင့်စုဖွဲ့ပြင်ဆင် ထားရှိကြောင်း သိရှိရသည်။
နမ့်စန် အထကတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း(နမ့်စန်) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရွာသစ်ကြီး)တွင် အသိ ပညာပေးဟောပြောပွဲကျင်းပ
Mar 21,2022
စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌနနှင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရွာသစ်ကြီး)တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို မတ်(၂၁)ရက်၊ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်၌ ဌာနဆိုင်ရာရုံးများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး
Mar 21,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ဌာနဆိုင်ရာရုံးများ၌ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် ရမ်းဗြဲမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ရမ်းဗြဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ပေါက်ခေါင်းမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ထားရှိ
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် Bakery နှင့် Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့  ပူးပေါင်း ဖွင့်လှစ်သော Bakery နှင့် Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲက ပညာရာမိက ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပြည်သူအားလုံး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အသက် ၁၈နှစ်အထက်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးရသေးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ တစ်ယောက်မကျန် ထိုးနှံနိုင်ရေးကို စီမံချက်များရေးဆွဲ၍ နေ့စဉ်ကျေးရွာအလိုက် ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၈:၀၀)နာရီက မြို့မဈေးကြီးအတွင်း  ဖြန့်ဝေခဲ့ကြောင်း သိရသည်။