သတင်းများ

ဝါးခယ်မမြို့နယ်တွင်၊ ကျုံမငေးမြို့ အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်သည် (၉၃)ကြိမ်မြောက် ပူဇော်ပွဲဖြစ်ပြီး တပေါင်းလဆန်း ၁၂ ရက်မှ စတင်ဖွင့်လှစ်ပြီး တပေါင်းလပြည့်ကျော် ၄ ရက်နေ့အထိ အများပြည်သူ ဖူးမြှော်နိုင်ရေးအတွက် အပူဇော်ခံထားရှိပြီး တပေါင်းလပြည့်ကျော် ၄ ရက်၊ မတ်လ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်၍ ဗိုလ်မှူး ဦးမင်းထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ပိတ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အားကစားနှင့်ကာယပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁း၀၀ အချိန်က နောင်ချိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရမည်းသင်းမြို့နယ် မြောက်ငှက်သိုက်ကျေးရွာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြောက်ငှက်သိုက်ကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင်ဒေသခံပြည်သူ(၁၉၀၃)ဦးအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ရှိသူများနှင့်ဒေသခံ ပြည်သူ(၁၉၀၃)ဦးအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမဆေးထိုးစုရပ်နှင့် သတ်မှတ်စုရပ်များတွင် ဆောင်ရွက်ပေးခဲ့ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
မူဆယ်မြို့၊ မဟာဝန်ကျောင်းတိုက်ကြီး၏(အဂ္ဂ မဟာ သဒ္ဒမ္မ ဇောတိက ဓဇ)ဘွဲ့တံဆိပ်တော်ရ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ နရနာထအား လှူဒါန်းမှု အခမ်းအနားကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် မဟာဝန်ကျောင်းတိုက်ကြီး၏ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)ဘွဲ့တံဆိပ်တော်ရ ဦးစီး ပဓာနနာယကဆရာတော်ဘဒ္ဒန္တနရနာထအား လှူဒါန်းမှု အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မယ်စဲ့မြို့နယ်၌ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Mar 21,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊  မယ်စဲ့မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပသည်။
ပေါက်ခေါင်းမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ထားရှိ
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်အတွက် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ အသင့်စုဖွဲ့ထားရှိလျက်ရှိကြောင်း သိရသည်။