လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး

လှိုင်းဘွဲ   မတ် ၂၂

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစားများကို ယနေ့နံနက်ပိုင်းက      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများ ထုတ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ပင်စင်လစားများကို တစ်ရက်တည်းသာ ထုတ်ပေးခြင်းမဟုတ်ဘဲ လစဉ် (၂၁)ရက်နေ့နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် ထုတ်ပေးသွားမည် ဖြစ် ကြောင်း၊ လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းဦးရေ (၈၀၀) ကျော်ရှိပြီး အငြိမ်းစား ဝန်ထမ်းအနေဖြင့် ပင်စင်လစာများ လာရောက်ထုတ်ယူရာတွင် လူစုလူဝေး မဖြစ်ပေါ်စေခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ရှိစေရေးအတွက် မြန်မာ ့စီးပွားရေး ဘဏ်ဝန်ထမ်းများက ကြီးကြပ်၍ စနစ်တကျ စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)