ကျောက်တန်းမြို့နယ်တွင် မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်မှု များ စုပေါင်းဆောင်ရွက်

ကျောက်တန်း မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးပြီး ကျေးရွာ အသင်းခွဲငယ်များနှင့် ပူးပေါင်း၍ မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပါက တုံ့ပြန်ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်မှုများကို ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ မုတ္တမပင်လယ်ကွေ့နှင့် ထိစပ်နေသည့် ကုလားတန်းကျေးရွာအုပ်စု၊ သံတဲကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။   

ထိုသို့ ဆောင်ရွက်ရာတွင် မိုးလေဝသနှင့်ဇလဗေဒ၏ ထုတ်ပြန်သည့် လေဖိအားနည်းရပ်ဝန်း၏ အခြေအနေ နောက်နှစ်ရက်အတွင်း ဖြစ်ပေါ်နိုင်မည့်အခြေအနေနှင့် ပြည်သူများ လိုက်နာသင့်သည့်အချက်များ ဆောင်ရန်/ ရှောင်ရန်များ၊ အရေးပေါ်ဖြစ်ပေါ်လာပါက စုဝေးရမည့်နေရာနှင့် လမ်းကြောင်းများ ကူညီကယ်ဆယ်ရမည့် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ ကိုယ်ဝန်သည်နှင့် ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ စာရင်း ကောက်ယူခြင်း၊ ရှေးဦးသူနာပြုစုနည်းနှင့် အရေးပေါ်အသက်ကယ်ဆယ်နည်းတို့ကို သင်ကြားပြသခြင်း၊ စာရင်းဇယားများကောက်ယူခြင်းနှင့် မြိုနယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန် မှာကြားချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားခြင်းများကို  ကျောက်တန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်ဦးနှင့် တပ်ဖွဲဝင်များက နေအိမ်များသို့ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်