မြေပုံ မတ် ၂၂
ရခိုင်ပြည်နယ်၊ မြေပုံမြို့၌ မုန်တိုင်းကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအားအသင့် ဆောင်ရွက်ထား ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သန်းစိုး ဦးဆောင်၍ ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အနေဖြင့် မြို့နယ်အတွင်းဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ် များနှင့် မြို့နယ်အတွင်း ဖြစ်ပေါ် လာနိုင်သည့် မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မှီ အသိပေးပြန်ကြားပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင် ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ လေထိုးဘုတ်များနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ဆောင်ရွက်ထားရှိကြောင်း မြို့နယ် မီးသတ် ဦးစီးဌာနမှ သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)