ကျိုက်ထို မတ် ၂၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ခြင်း လုပ်ငန်းများနှင့် ကြိုတင်ဇာတ်တိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပြီး သဘာဝဘေး ကျရောက်ပါကလည်း ပြည်သူများအား ရှာဖွေကယ်ဆယ် နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းနှင့် သဘာဝဘေး အန္တရာယ်များဖြစ်သော မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး ကျရောက်ပါက အချိန်မီရှာဖွေကယ်ဆယ်နိုင်ရေးနှင့် ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိခြင်း လုပ်ငန်းများအား. ကြိုတင်ပြင်ဆင် စီမံထားရှိပြီး ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးထံမှ သိရသည်။
သန်းသန်းမော်(ကျိုက်ထို)